ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ PDA က ဗျူဟာအမှတ် ၄၇ ရုံးဖွင့်ပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်ဗျူဟာ အမှတ် ၄၇ ဗျူဟာရုံးဖွင့်ပွဲကို ဇူလိုင် ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

ဗျူဟာရုံးဖွင့်ပွဲကို ယင်းမာပင်ခရိုင်အတွင်းက အကြီးအကဲတွေ၊ စစ်ဆင်ရေးဌာန စစ်ဦးစီးချုပ်နဲ့ ဗိုလ်ကြီးအဆင့်တွေ၊ ရွာပေါင်းစုံသပိတ်စစ်ကြောင်းက သပိတ်ခေါင်းဆောင်တွေ တက်ရောက်ပြီး တပ်ဖွဲ့က ရဲဘော်အင်အား ၂၅၀ နဲ့ ဇူလိုင် ၂၅ ရက်  မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ကာ အဲဒီနေ့က ရှေ့တန်းရောက်နေကြတဲ့ ရဲဘော်တချို့  မတက်ရောက်နိုင်ကြဘဲ ရဲမေတချို့လည်း ဆေးတပ်သားအဖြစ် လိုက်ပါနေတာကြောင့် ရဲမေ ၂၀ လောက်ပဲ ပါဝင်နိုင်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ People's Defence Army တပ်ရေးဗိုလ် ကိုသူရ (ခ) ကိုစံရှည်က ပြောပါတယ်။

ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေအားလုံး စည်းလုံးညီညွှတ်ဖို့နဲ့ ရှေ့ဆက်ပြီး အာဏာရှင်စစ်အုပ်စုကို အကောင်းဆုံးနည်းဗျူဟာတွေနဲ့တော်လှန်ကြဖို့ အခုလိုဗျူဟာအဖွဲ့အစည်းတွေဖွဲ့စည်းပြီးတော့ ပိုမိုကောင်းမွန်တဲ့ စစ်ရေးတွေ ဖော်ဆောင်သွားမယ်လို့  ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်တွေ စည်းလုံးညီညွတ်ဖို့ ဖက်ဒရယ်ရဲ့အကျိုးရလဒ်၊ ဖက်ဒရယ်ပြည်ထောင်စုရဲ့တည်ဆောက်ရမယ့် အခြေခံသဘောတရားတွေကိုလည်း ပိုပြီးသိရှိစေချင်တယ်လို့  တပ်ရေးဗိုလ်က ပြောပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ People's Defence Army တပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်ထဲမှာ လူပ်ရှားနေပြီး ရှမ်းမြောက်ဘက်ကိုလည်း တပ်စိတ်တွေ၊ တပ်ခွဲတွေလွတ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင်ခရိုင်တပ်ရင်း၃၅  #ဗျူဟာအမှတ်၄၇ #ရုံးဖွင့်ပွဲ #PDF #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10