သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ PDF တပ်ရင်း၊ တပ်ဖွဲ့တွေ ဇူလိုင် ၁၂ ရက်နေ့လယ် ၃ နာရီကျော်မှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် PDF ၃ ဦးသေဆုံးခဲ့တယ်လို့ Brave Eagles Revolution Force ဆီက သိရပါတယ်။
သေဆုံးရဲဘော်များမှာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်ရင်းမှ ရဲဘော် အောင်အောင် ၂၆ နှစ်နဲ့ အခြားရဲဘော် ၂ ဦးဖြစ်ပြီး ၃ ဦးစလုံးက တိုက်ပွဲအတွင်း နမခ ကနေတက်လာတဲ့ Mi35 လေယာဥ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
"ရဲဘော် (ရဲဘော် အောင်အောင်)ရဲ့အလောင်းကိုတော့ ဒီမနက်(ဇူလိုင် ၁၃)ရလို့ စခန်းကိုသယ်သွားတယ်။ သင်္ဂြိုဟ်ပြီးပြီလားတော့ မသိဘူး။ စကစဘက်ကတော့ ၃၀ လောက်သေတယ်။ သူတို့(စကစ) အလောင်းတွေကို မြို့ထဲကို ကားနဲ့သယ်နေတာတွေ့ရတယ်"လို့ Brave Eagles Revolution Force မှ ခေါင်းဆောင်ကိုရှမ်းက ပြောပါတယ်။
အင်အား ၁၀၀ ကျော်နဲ့ ယင်းမာပင်မြို့ထဲမှာတပ်စွဲထားတဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတခုမှ စစ်ကောင်စီတပ်သားတွေက ရွာထောင်ကျေးရွာရှိ ပြည်သူပိုင်စားနပ်ရိက္ခာတွေကိုယူပြီး မြို့ထဲကို ပြန်လာချိန်မှာ ရွာထောင်ရွာနဲ့ မြို့ကြီးကျေးရွာအကြား ထိတွေ့တိုက်ပွဲ ၃ နာရီကြာ ဖြစ်ခဲ့တာလို့ ကိုရှမ်းက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ မြို့ကြီးကျေးရွာကို ဝင်ရောက်မီးရှို့တဲ့အတွက် လူနေ အိမ် ၄၀ ကျော် ပျက်စီးသွားခဲ့သလို ကျေးရွာထဲပိတ်မိကျန်ခဲ့တဲ့ အသက် ၆၀ ကျော်အရွယ် အဘွားအိုတဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားခဲ့တယ်လို့ ယင်းမာပင်မြို့နယ် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၈ ရက်မှာလည်း အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ယင်းမာပင်မြို့ထဲကနေ ထွက်လာချိန် ယင်းမာပင်ခရိုင်တပ်ရင်း ၃ ခုက အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #PDF #တိုက်ပွဲ #PDFသေဆုံး #အဘွားအိုအသတ်ခံရ
Share Share Share