ယင်းမာပင်တိုက်ပွဲမှာ ဒဏ်ရာရတဲ့ PDF တဦး ဆေးကုသမှုခံယူနေရင်း သေဆုံး

ယင်းမာပင်တိုက်ပွဲမှာ ဒဏ်ရာရတဲ့ PDF တဦး ဆေးကုသမှုခံယူနေရင်း သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၁) မှ PDF ရဲဘော်တဦးဟာ ဆေးကုသမှုခံယူနေရင်း သြဂုတ် ၈ ရက် မနက် ၄ နာရီမှာ သေဆုံးခဲ့တယ်လို့ Union Liberation Fornt - ULF တပ်ပေါင်းစုမှ သိရပါတယ်။ 

သေဆုံးခဲ့တဲ့ PDF ရဲဘော်မှာ နေဆန်းအောင်(ခ)ဝက်ကြီး ၂၄ နှစ် ဖြစ်ပြီး သြဂုတ် ၆ ရက်က ယင်းမာပင်မြို့နယ် တနေရာမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေရင်း လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲက ဒီနေ့ထိ မပြီးသေးဘူးဗျ။ ဒီရဲဘော်က တိုက်ပွဲတိုက်ခိုက်နေချိန် သူ့အနားကို စကစ ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အစတွေထိမှန်ခဲ့တာ။ အဲ့တာကို ဆေးကုနေရင်း မနေ့ကကျဆုံးသွားတာ" လို့ Union Liberation Fornt - ULF V 02 မှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်တန်က ပြောပါတယ်။

Union Liberation Front - ULF V 02 ဟာ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်တွေက PDF တပ်ရင်းတွေ၊ ပကဖတွေ၊ LPDFတွေ စုဖွဲ့ထားတဲ့ မဟာမိတ်တပ်ပေါင်းစုဖြစ်တယ်လို့ ကိုဂျော်တန်က ပြောပါတယ်။

သြဂုတ်လ ၆ ရက်ကတည်းကဖြစ်ပွားနေတဲ့ ယင်းမာပင်မြို့နယ်တနေရာက တိုက်ပွဲဟာ ဩဂုတ် ၉ ရက် ဒီကနေ့အထိ နှစ်ဘက်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်၊သေဆုံးမှု များနိုင်တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ပွဲတွင်း Fighter One အဖွဲ့က အသက် ၁၈နှစ်အရွယ် ရဲဘော် ဝေယံအေး သေဆုံးခဲ့ပြီး နောက်ထပ်မဟာမိတ်အဖွဲ့ဝင် ရဲဘော် BE အသက် ၂၈နှစ် ကတော့ ပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ယင်းမာပင်ခရိုင် #PDF တပ်ရင်း #ကျဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10