ယင်းမာပင်နယ်က ကျေးရွာစျေးတခုမှာ ပြုလုပ်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲ

ယင်းမာပင်နယ်က ကျေးရွာစျေးတခုမှာ ပြုလုပ်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးရွာဈေးတခုမှာ ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

“သပိတ်အင်အားစုတွေ အရင်ကထက် ပိုစုစည်းမိလာတဲ့ အနေအထားတော့ရှိပါတယ်ဗျ၊ အခါအခွင့်သင့်သလို လူထုအင်အား ကောင်းကောင်းနဲ့ ချီတက်နေပါတယ်။”လို့ ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုစနေက ပြောပါတယ်။

မတ်လ ၁၇ ရက် ဒီကနေ့မနက်ပိုင်းက ဒေသတွင်း သပိတ်အင်အားစုတွေ ပူးပေါင်းပြီး “စစ်တပ်ကို လေယာဥ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်၊ Ban Jet Fuels Exports To Myanmar Fascist Dictator”စတဲ့ စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #လူထုသပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10