ယင်းမာပင်နဲ့ရေဦးမှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရေဦးမြို့ နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်တဲ့အပြင် Rocket တွေ၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ၂၁ ရက် ဒီမနက် ၁ နာရီကျော်မှာ ယင်းမာပင်မြို့နယ်က ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားအင်အား ၁၀၀ ခန့် တပ်စွဲနေတဲ့ ဘန်ဘွေးကျေးရွာကို ၆၀ မမ၊ ၈၀ မမ၊၁၂၀ မမ တို့နဲ့ နာရီဝက်အကြာသွားရောက် တိုက်ခိုက်ခဲ့တာလို့ Black Vote Fighter မှ တာဝန်ရှိသူတဦး က ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း လက်နက်ကြီးကျည်တွေက ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲကာ အဆောက်အဦတွေ ပျက်စီးမှုရှိပြီး စစ်ကောင်စီဘက်ကလည်း ၆၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အလားတူ ဒီနေ့မနက် ၈ နာရီကျော်မှာ စစ်သား၊ ပျူစောထီး၊ ရဲ စုပေါင်း အင်အား ၃၀ကျော်ရှိတဲ့ ရေဦးမြို့ အနောက်တောင်ဘက်အထွက်က စစ်ဆေးရေးဂိတ် (ရွှေကျီးမင်းဂိတ်)ကို မောင်းသူမဲ့ လေယာဥ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချခဲ့သလို Rocket ၂ လုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ ဂိတ်မှာတာဝန်ကျနေသူထဲက သေဆုံးသွားတဲ့ တပ်ကြပ်ကြီးတဦးရဲ့ ရက်လည်ဆွမ်းကျွေး ပြုလုပ်နေချိန်မှာပဲ ဂိတ်ကိုသွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၆ ရက်မှာလည်း ရွေဘိုခရိုင်တပ်ရင်း ၁၄ က အဲဒီရွှေကျီးမင်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ရေဦး #ယင်းမာပင် #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #လက်နက်ကြီးတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10