ယင်းမာပင်ဘက်ကတိုက်ပွဲတခုမှာ PDF တဦးဒဏ်ရာရပြီး ပျူစောထီးတဦးအရှင်ဖမ်းမိ

ယင်းမာပင်ဘက်ကတိုက်ပွဲတခုမှာ PDF တဦးဒဏ်ရာရပြီး ပျူစောထီးတဦးအရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွာထောင်လေးကျေးရွာအနီး သြဂုတ် ၆ ရက် ညနေ ၄ နာရီမှာ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးရဲဘော်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကာ ပျူစောထီးတဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဟိန္ဒက LPDF - YMP အဖွဲ့က ပြောပါတယ်။

ရွာထောင်လေးကျေးရွာအနီးက တံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲဖို့သွားချိန် ကင်းပုန်းဝပ်နေကြတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေက ပစ်ခတ်လို့ ရဲဘော်တဦး ကျည်ထိမှန်ခဲ့တာ ဖြစ်ပြီး၊ အဲ့ဒီရဲဘော်အနီးကိုလာတဲ့ ပျူစောထီး ၂ ဦးကို ကျန် ကာကွယ်ရေးရဲဘော်တွေက ဖမ်းဆီးရာ တဦးကိုဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

"ထိခိုက်ထားတဲ့ရဲဘော်နောက်မှာလည်း သေနတ်နဲ့အဖော်တွေပါတယ်ရှင့်။ သူတို့က မျှားခေါ်သလိုမျိုးပဲ။ ပျူနှစ်ယောက်က ကင်းပုန်းထဲက ထွက်လာတယ်။ အဲ့နှစ်ယောက်ထဲက ပထမတယောက်ဖမ်းမိပြီး သေနတ်ဒင်နဲ့ရိုက်လိုက်တဲ့ချိန်မှာ နောက်တယောက်က ထွက်ပြေးသွားတာ။ ထိတွေ့တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး"လို့ ဟိန္ဒက LPDF - YMP မြို့ပြပျောက်ကျားအဖွဲ့မှ အမျိုးသမီးရဲဘော်တဦးက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ရဲဘော်မှာ ဟိန္ဒကLPDFYMP မြို့ပြပျောက်ကျားအဖွဲ့မှ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး၊ ဘယ်ဖက်ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိမှာ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

ဖမ်းမိတဲ့ပျူစောထီးကတော့ ဦးစိန်ခဲ ၃၀ နှစ်ဖြစ်ပြီး သူကိုတော့ စခန်းမှာပဲထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ရွာထောင်လေးကျေးရွာဟာ ယင်းမာပင်မြို့ရဲ့ မြောက်ဘက်မှာတည်ရှိပြီး စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ 

ပုံစာ -  ဟိန္ဒက LPDF - YMP မြို့ပြပျောက်ကျားအဖွဲ့မှ ဒဏ်ရာရရဲဘော်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #PDF #ထိခိုက် #ပျူစောထီး #အရှင်ဖမ်းမိ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10