ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ် (Photo News)

ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တခုကို ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်စုံ သပိတ်ဦးဆောင်ကော်မတီက ပြောပါတယ်။

သပိတ်မှာ ဒေသခံပြည်သူ ၁၀၀ ဝန်ကျင်ပါဝင်ဆင်နွှဲခဲ့ပြီး သပိတ်ဦးဆောင်သူတွေက "လက်ရှိ နိုင်ငံရေးဖြစ်စဥ်တွေ၊ လူထုအားလုံးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့" စတာတွေကို ဟောပြောခဲ့ကြတယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်စုံ သပိတ်ဦးဆောင်ကော်မတီမှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစနေက ပြောပါတယ်။



ယမန်နေ့ ဇူလိုင် ၂၆ ရက်မှာလည်း ယင်းမာပင်မြို့နယ်မှာ "အောင်လံလွှင့်မည် ရွှေရေကြည်" စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် #ဆန္ဒပြ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10