ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲစခန်းနဲ့ ခရိုင်ရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၅ ဦးသေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနေ့က ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်ရှိတဲ့ အဆိုပါစခန်းနေရာတွေကို ၄၀ မမ အလုံး ၂၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ လုံးကျော် ရန်သူနေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က ရဲစခန်း၊ စာသင်ကျောင်း၊ ခရိုင်ရုံး ၃ နေရာလုံး တပ်စွဲထားတာ၊ လက်နက်ကြီးပစ်တော့ ဘယ်နေရာကျကျ သူတို့ခြံဝန်းထဲကျတာပဲ၊ ဖရဲသီးသတင်းပေးတာက ၅ ယောက်ကျတယ်၊ ၈ ယောက် ထိခိုက်တယ်၊ ဆေးရုံချက်ချင်းတင်ရတယ်၊ ၂ ယောက်ကတော့ ဆေးရုံရောက်မှ ကျတယ်။”လို့ Monywa lnventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက် ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦးကတော့ ယင်းမာပင်ဆေးရုံမှာ ကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Monywa lnventor နဲ့ လက်ရုံးတပ်တော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ယင်းမာပင် #ရဲစခန်း #ခရိုင်ရုံး #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10