ယင်းမာပင်မြို့နယ် ကြားကာလစာသင်ကျောင်းမှာ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ယင်းမာပင်မြို့နယ် ကြားကာလစာသင်ကျောင်းမှာ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပညာရေး စာသင်ကျောင်းတကျောင်းမှာ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲကို ဇူလိုင်လ ၁၅ ရက်က ကျင်းပပေးခဲ့တာဖြစ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်ဆိုပြီး ၃ မျိုး ခွဲကျင်းပပေးခဲ့တာလို့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင် ကိုစနေက ပြောပါတယ်။

"အာဇာနည်နေ့သမိုင်းကိုမမေ့ကြဖို့နဲ့ စာစီစာကုံးရေးသားတဲ့ စွမ်းရည်တွေမြင့်မားလာဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာပါ" လို့ ကိုစနေ ကပြောပါတယ်။

အဲဒီပြိုင်ပွဲကို ကျောင်းသူ/ကျောင်းသူ ၅၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ် လို့သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10