ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ PDF ၁ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ PDF ၁ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ PDF ပူးပေါင်းအဖွဲ့တို့ ဇွန်လ၂၆ ရက် မနက် ၈ နာရီကျော်မှာ ထိတွေ့တိုက်ပွဲဖြစ်ရာ တိုက်ပွဲအတွင်း PDFဘက်က ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှ ရဲဘော်တဦးက ပြောပါ တယ်။

သေဆုံးရဲဘော်တွေဟာ Triple Two အဖွဲ့မှ အသက် ၂၆ နှစ်အရွယ် ရဲဘော်ဖြစ်ပြီး၊ ဒဏ်ရာရသူ ၂ ဦးကတော့ Salingyi G-Z People's Defence Forceမှ အသက်၂၀ ကျော်အရွယ် ရဲဘော်တွေဖြစ်ကာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

"တယောက်က လက်ကို ရှပ်ထိတယ်။ နောက်တယောက်က ပေါင်မှာရှပ်ထိသွားတာ။ ကျန်တဦးကတော့ သေတယ်။ သူကိုင်တဲ့ သေနတ်တလက်လည်း ပါသွားတယ်ဗျ။ သူ့ကိုတော့ မနေ့ကတည်းက သင်္ဂြိုဟ်လိုက်တယ်"လို့ မြေပြင်တိုက်ခိုက်ရေးမှ ရဲဘော်တဦးက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ယင်းမာပင်မြို့နယ်၊ တယ်ပင်ကန်းကျေးရွာအနီးမှာ မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မိုင်း ၂ ကြိမ်ဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရတာတွေရှိနိုင်ပေမယ့် အတည်မပြုနိုင်ခဲ့သလို တိုက်ပွဲဖြစ်ပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ နယ်၊ ဝမ်ပေါင်ကုမ္ပဏီထဲကို ဝင်ရောက်သွားခဲ့ တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တိုက်ပွဲ #PDF #၁ဦးသေ #၂ဦးဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10