ယင်းမာပင်မှာ ပြည်သူအသုံးပြုနေရတဲ့ လမ်းပျက်စီးနေလို့ Black Vote Fighter အဖွဲ့က ဦးဆောင်ပြုပြင်ပေး

ယင်းမာပင်မှာ ပြည်သူအသုံးပြုနေရတဲ့ လမ်းပျက်စီးနေလို့ Black Vote Fighter အဖွဲ့က ဦးဆောင်ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံပြည်သူတွေ အသုံးပြုသွားလာနေရတဲ့ လမ်းတခုပျက်စီးနေတာကို Black Vote Fighter အဖွဲ့က ဦးဆောင်ပြီး ဒေသခံတွေ၊ ပရဟိတအဖွဲ့တွေနဲ့ပူးပေါင်းကာ လမ်းကိုပြုပြင်ပေးနေ တယ်လို့ B.V.F အဖွဲ့က ပြောပါတယ်။

အဆိုပါလမ်းမှာ ၁ မိုင်ကျော်ရှည်လျားကာ လမ်းအကျယ်မှာ ၁၀ ပေ ရှိပြီး မိုးရေနဲ့ လယ်ကွင်းထဲကစီးဆင်းလာတဲ့ရေတွေကြောင့် ရွံ့တွေထူပြီး ကားတွေ၊ ဆိုင်ကယ်တွေ၊ လှည်းတွေသွားလာလို့ မရဖြစ်နေတာလို့ ဆိုပါတယ်။

အဲဒီလမ်းကို အောက်တိုဘာ ၇ ရက် မနက်ကနေစတင်ပြီးတော့ အောက်တိုဘာ ၉ ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာပြုပြင်ပေးနေတာ ဖြစ်ပါတယ်။

"ရွံ့ထူပျက်စီးနေတာကို ကျနော်တို့တွေက ကျောက်တွေခင်း၊ သဲတွေဖို့ပြီး ပြုပြင်ပေးနေတာပါ။ အခုက ပြီး သလောက်ရှိနေပြီ" လို့ Black Vote Fighterမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီလမ်းမှာ ယင်းမာမြို့နယ်၊ အရှေ့မြောက်ခြမ်းက လုံခြုံရေးအရအမည်ဖော်ပြလို့ မရတဲ့ကျေးရွာတွေရဲ့ ရွာချင်း ဆက်လမ်းဖြစ်သလို စစ်ကြောင်းထိုးလာရင်လည်း ဒေသခံတွေထွက်ပြေးဖို့ အသုံးပြုနေရတဲ့ အဓိကလမ်းတခုလည်းဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄၊ ၁၅ရက်မှာလည်း မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ကာ ပျက်စီးသွားတဲ့ မြောက်ယမား ချောင်းဘေးရှိ ရွာချင်းဆက်လမ်းမတခုကိုလည်း Black Vote Fighter အဖွဲ့က ဒေသခံပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ပြုပြင်ပေးခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် လမ်းပြုပြင်ပေးတာ ၂ ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ပြည်သူ #လမ်းပြုပြင်  #BlackVoteFighter #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10