ယင်းမာပင်မှာ အရပ်သား ၆ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းက ပြည်သူ ၁ ဦးကို ထပ်မံသတ်သွား

ယင်းမာပင်မှာ အရပ်သား ၆ ဦးကိုသတ်သွားတဲ့ စစ်ကြောင်းက ပြည်သူ ၁ ဦးကို ထပ်မံသတ်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လာဘို့ရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူတဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် မနေ့ကမနက်ပိုင်းမှာ လာဘို့ရွာက အသက် ၅၃ နှစ်အရွယ်ရှိ ကိုကျော်နိုင်ဆိုသူကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

"စစ်ကြောင်းက လာဘို့ရွာထဲကို၀င်ပြီး လမ်းမှာတွေ့တဲ့ ပြည်သူတယောက်ကိုသတ်သွားတာ။ အရင်ရက်က လူ ၆ ယောက်ကိုသတ်ခဲ့တဲ့ စစ်ကြောင်းပဲ"လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကိုပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၄ ရက်ကတည်းက ယင်းမာပင်နဲ့ ပုလဲနယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး သဲကုန်းကျေးရွာမှ PDF ရဲဘော်ကို ခေါင်းဖြတ်သတ်ခဲ့သလို ဒေသခံ  ၆ ဦးကို သတ်ဖြတ်မှုမှာလည်း ရှားနှစ်တင်းပုတ်နဲ့ ရိုက်သတ်ခဲ့တဲ့ ကျားဘီလူးစစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

အင်အား ၂၀၀ ခန့်ပါ ကျားဘီလူးစစ်ကြောင်းက သတ်ဖြတ်မှုတွေပြုလုပ်ပြီးနောက် "ကျားဘီလူး စစ်ကြောင်း ခေါင်းပဲစားတယ်" စာတွေ ရေးသားထားသလို ဖြတ်ထားခဲ့တဲ့ ဦးခေါင်းတွေနဲ့ နဖူးပေါ်မှာလည်း ကျားဘီလူးစစ်ကြောင်းလို့ ရေးသားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။


ပုံစာ -  ကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းမှ ခြိမ်းခြောက်ရေးသားခဲ့မှုအား တွေ့ရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ယင်းမာပင် #ပုလဲ #ကျားဘီလူး #စစ်ကြောင်း #အရပ်သား #သတ်ဖြတ်မှု #MilitaryCoup #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10