ယင်းမာပင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေ၊ ၂၁ ဦးခန့်ဒဏ်ရာရ

ယင်းမာပင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေ၊ ၂၁ ဦးခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်ကိုရောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာက ပြည်သူ ၄ ဦးသေဆုံးပြီး ၂၁ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Ar Larwaka အဖွဲ့ဆီက သိရပါတယ်။ 

နမခ ကနေ တပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်ပါတဲ့ ကား ၄ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ် ၁၃ ရက် ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ချိန် ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာထဲကို ကျည်ကျရောက်ပြီး ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ် Ar Larwaka က ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၅၈ နှစ်အရွယ် ဒေါ်ရွှေမှီ ၊ အသက် ၆၃ နှစ်အရွယ် ဒေါ်မြသန်း၊ အသက် ၅၀ အရွယ် ဒေါ်ဌေးမြင့်နဲ့ အသက် ၇၈ နှစ်အရွယ် ဦးဖိုးရှင်တို့သေဆုံးခဲ့တာဖြစ်ပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စည်လှောင်ကျေးရွာအတွင်းရှိ လူနေအိမ်တလုံး လုံးဝပျက်စီးသွားပြီး နွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးခဲ့ပါသေးတယ်။

သေဆုံးသွားသူတွေကိုတော့ မတ် ၁၃ ရက် မနေ့ကပဲ ချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #အောင်ဇေယျမြို့သစ် #စစ်ကောင်စီ #စစ်ကြောင်း #လက်နက်ကြီး #စည်လှောင်ကျေးရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10