ယင်းမာပင်မှာ စစ်တပ်က ဒေသခံ ၈ ဦးကိုသတ်ပြီး၊  ၃ ဦးကို ဖမ်းဆီးသွာ

ယင်းမာပင်မှာ စစ်တပ်က ဒေသခံ ၈ ဦးကိုသတ်ပြီး၊ ၃ ဦးကို ဖမ်းဆီးသွာ

စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်၊ ချင်းပုန်းရွာက ဒေသခံအချို့ကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး၊ အချို့ဒေသခံတွေကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အမျိုးသား ၃ ဦးကိုတော့ ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေရဲ့ နောက်ဆက်တွဲအခြေနေတွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

"၂၆ ရက်နေ့မှာ သူတို့ကလေယာဥ်နဲ့ပစ်တယ်၊ မပြေးနိုင်တဲ့သူတွေ ခြေထောက်ထိတဲ့သူတွေကျတော့ သူတို့ကဖမ်းပြီး ညှင်းပန်းနှိပ်စက်တယ်၊ ခေါင်းတည့်ပြီးပစ်သတ်တဲ့ လူလည်းရှိတယ်၊ ရင်ဘက်တွေလည်းပစ်ဖောက်တယ်၊ ခုကျနော်တို့စစ်တပ်ကပစ်သတ်သွားတဲ့အလောင်း ၈ လောင်းတွေ့ရပါတယ်ဗျ၊ ၈ လောင်းမှာ အမျိုးသမီး ၁ လောင်း အမျိုးသား ၇ လောင်းပါ" လို့ သူကပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ရွာကိုပစ်ကြတာကြောင့် အိမ် ၃ လုံး မီးလောင်ပြာကျခဲ့တယ်လို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။ 

"စစ်တပ်က ချင်းပုန်းရွာမှာရှိတဲ့ ကားတွေ ဆိုင်ကယ်တွေ မီးရှို့သွားတယ်။ ဖုန်းတွေရိုက်ခွဲသွားတယ်။ ဘုန်းကြီးကျောင်းထဲက ကွန်ပျူတာတွေရိုက်ခွဲသွားတယ်။ ဆိုင်ကယ်ကတော့ အစီးရေ ၄၀ ကျော်စစ်တပ်ကမီးရှို့သွားကြပါတယ်။ အိမ် ၃ လုံးပြာကျတယ်ဗျ၊ ၂ လုံးကတော့စစ်တပ်ကဖြိုချသွားတယ်။ စစ်တပ်ကလက်နက်ကြီးတွေနဲ့လည်းရွာကို လှမ်းပစ်တယ်။ ရဟက်ယာဉ်ဂျက်ဖိုင်တာ ၂ စီး အားလုံးပေါင်း ၇ စီးနဲ့ ဝေဟင်ကနေပစ်တာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

ခုလိုလုပ်ရပ်တွေကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ရပြီး၊ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေလည်း ရွာမှာမရှိတော့တာကြောင့် ရွာသားတွေအနေနဲ့ ရွာထဲကိုတစစနဲ့ပြန်ဝင်လာကြပြီလို့လည်း သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10