ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်

ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတားပေါ်နဲ့ ကျေးရွာဈေးတခုမှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

 


မေလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ၇၉၂ ရက်မြောက်နေ့အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်”စာသားပါ ဘန်နာတွေကိုင်စွဲပြီး အဖွဲ့ဝင်တွေက ဆန္ဒပြကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ မေလ ၁၄ ရက်၊ ၁၅ ရက်နေ့အတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအများစုမှာ ရေလွှမ်းမိုးခဲ့ပြီး သပိတ်အဖွဲ့ဝင်တချို့လည်း ရေကြီးမှုဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။


#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #သပိတ်စစ်ကြောင်း #ရေဘေး #မိုခါမုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10