ယင်းမာပင်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ကလေး ၃ ဦးဒဏ်ရာရ

ယင်းမာပင်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ကလေး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီကျော်က စစ်ကောင်စီတပ်စခန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးကာ ကလေး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးအနီးမှာရှိတဲ့ အောင်ဇေယျတပ်ကုန်းထဲကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာ တပ်ကုန်းနဲ့ ၂ မိုင်ခန့်ဝေးတဲ့ သံပိုကျေးရွာက ဦးမိုးကောင်းနေအိမ်ထဲကို လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"တလုံးက ရွာပြင်မှာကျတယ်။ နောက်တလုံးက ဦးမိုးကောင်းရဲ့ အိမ်လှေကားထစ်နားကို ကျသွားတာ။ အဲ့နားမှာထိုင်နေကြတဲ့ အမျိုးသမီး ၃ ယောက်က ပွဲချင်းပြီးသေသွားတာ။ အနားမှာရှိတဲ့ တခြားအိမ်တွေက ကလေး ၃ ယောက်ကိုလည်း အစတွေမှန်သွားတာ" လို့ သံပိုကျေးရွာမှ အမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၃ ဦးမှာ ဦးမိုးကောင်းရဲ့ သမီးဖြစ်သူ ဒေါ်ဆန်းမာ ၄၂ နှစ်နဲ့ အိမ်ကို အလည်ရောက်ရှိနေကြတဲ့ ဒေါ်မာကြူ ၄၂ နှစ်နဲ့ မတင်တင်ဝင်း ၂၃ နှစ်တို့ဖြစ်ကြပြီး ၃ ဦးစလုံးဟာ ဝမ်းဗိုက်နဲ့ကျောကုန်းတွေမှာ လက်နက်ကြီးကျည်စတွေထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူ ၃ ဦးကတော့ ၁၅ နှစ်နဲ့  ၂ နှစ်သားအရွယ်ယောက်ျားလေး ၂ ဦးနဲ့ ၇ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ဖြစ်ကြပြီး လက်တွေ၊ ဦးခေါင်းတွေမှာ ကျည်စတွေ ထိရှဒဏ်ရာ အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၁၂ရက်မှာလည်း စစ်ကောင်စီ တပ်စွဲနေကြတဲ့ ယင်းမာပင်မြို့နယ် အမှတ် (၂၈) ရဲတပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၁လုံးမှာ ၁ မိုင်ခန့်ဝေးတဲ့ ရွှေပေကုန်းကျေးရွာက နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ရာ ၁၂ နှစ်အရွယ်မိန်း ကလေး ၁ ဦးသေဆုံးကာ အသက် ၈၀ အရွယ် အမျိုးသမီးပါ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #မြေလတ်သတင်း #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ်မှု #အမျိုးသမီး #ကလေးသူငယ် #သေဆုံးမှု #စစ်ရာဇဝတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10