ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ ရုံး ၂ ရုံးနဲ့ ရဲစခန်း တို့ကို Chindwin Toe Na Yar PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ယင်းမာပင်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ သစ်တောရုံးတို့ကို ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကနေ ၁၁ နာရီခန့်အထိ ၃ နာရီကြာအောင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်ရာမှာ လက်နက်ကြီး ၁ ဆိုင်းကို ၁၀ လုံးနဲ့ ၁၀ ဆိုင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်တဲ့အဖွဲ့တွေထဲ ယခင်တိုက်ပွဲမှာ လက်နက်ကြီးထိမှန်လို့ ခြေတဖက်ဖြတ်လိုက်ရတဲ့ ရဲဘော်ကိုယ်တိုင် ရှော့တိုက်ဒုန်း ၅ လုံးပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar P.D.F ဗိုလ်မုန်တိုင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို Chindwin Toe Na Yar PDF၊ သံမဏိမပွေး၊ zero၊ ဗိုလ်သူရိန်နဲ့ တာဇံမဟာမိတ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးပျက်စီးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု #မသန်စွမ်း #တော်လှန်ရေးအင်အားစု #စစ်ကောင်စီ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10