ယင်းမာပင်ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဦးတပ်ကုန်းကို PDF ဗုံးကြဲတိုက်ခိုက်

ယင်းမာပင်ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဦးတပ်ကုန်းကို PDF ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက အမှတ် ၂၈ ရဲတပ်ရင်းနဲ့ ရွှေတောင်ဦးတပ်ကုန်းတို့ကို ဇူလိုင် ၇ ရက် ယမန်နေ့ မွန်းလွဲပိုင်းမှာ မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်ဗျူဟာ(၄၅) KLG PDF က ပြောပါတယ်။

ယင်းမာပင်မြို့ရဲ့အရှေ့ဘက် မုံရွာ-ပုသိမ်ကားလမ်းမပေါ်က အမှတ် ၂၈ ရဲတပ်ရင်းဟာ စစ်တပ်နဲ့ရဲပူးပေါင်းအင်အား ၁၀၀ ခန့်ရှိပြီး တိုက်ခိုက်ချိန်အတွင်း တပ်ရင်းထဲကနေ မိနစ် ၃၀ ခန့်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

" ရဲတပ်ရင်းရဲ့ ဗဟိုကင်းနေရာကို ဗုံးသီး ၃ လုံးချခဲ့တယ်။ ရေစင်ပေါ် ဗုံးသီး ၁လုံးချခဲ့တယ်။ ရဲတကောင် ဒဏ်ရာရသွားတယ်"လို့ ယင်းမာပင်ခရိုင် ဗျူဟာ(၄၅) KLGPDF မှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် ရဲတပ်ရင်းနဲ့ ၁ မိုင်ခွဲခန့်အကွာက စစ်ကောင်စီအင်အား ၅၀ကျော်ရှိ ရွှေတောင်ဦးတပ်ကုန်းကို 1 kg  ဗုံး ၃ လုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"တပ်ကုန်းမှာ မင်္ဂလာဆောင်ကို ချခဲ့တာဗျ။ တည့်တည့်ကျခဲ့တယ်။ မင်္ဂလာဆောင်ပွဲက လူတွေအကုန်ထွက်ပြေးကြတယ်။ အထိအခိုက်တော့ မသိရသေးဘူးဗျ" လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်ဗျူဟာ ၄၅ KLG PDF၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ၊ ချင်းတွင်း ဂဠုန်ရာဇာအဖွဲ့၊ P.R.A.F အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ရန်ပြင်ဆင်နေသည့် KLG PDF တပ်ဖွဲ့ဝင်များ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #အမှတ်၂၈ရဲတပ်ရင်း #ဒရုန်း #ဗုံးကြဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10