သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီနယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ သိရ ပါတယ်။
အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယင်းမာပင်ဘက်မှ ကနီနယ်ကို ဩဂုတ် ၁၇ ရက်နေ့ကစတင်ပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ၀င်ရောက်လာတာဖြစ်ပြီး ကျောက်ကုန်းရွာနဲ့ နွားခြံကုန်းရွာတွေအနီးမှာ ၂ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"တိုက်ပွဲက ပြင်းထန်ပါတယ်။ နှစ်ရက်ဆက်တိုက်ဖြစ်တာပါ။ စစ်ကောင်စီဘက်က အပိတ်ခံရပြီး တိုက်ခိုက်ခံရတာဆိုတော့ အတော်အထိနာသွားတယ်" လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ အဆိုပါစစ်ကြောင်းက ဩဂုတ် ၁၆ ရက်က ယင်းမာပင်နယ်မှာ အမျိုးသမီး ၂ ဦး အပါအ၀င် ပြည်သူ ၈ ဦးကိုဖမ်းဆီးပြီး ယမားချောင်းတံတားပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားခဲ့တဲ့ စစ်ကြောင်းဖြစ်ကာ ကနီနယ်ကို၀င်ရောက် စစ်ကြောင်းထိုးလာချိန် တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
အထိနာသွားတဲ့ စစ်ကောင်စီတပ်က ကနီနယ်၊ နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ အနီးတဝိုက်ရှိ ကျွန်းကလေးရွာ၊ ယင်းဘိုး၊ နတ်တောင်၊ နတ်မြောက်၊ ဒေါင်းခြံ၊ အုန်း ပင်ဆိပ်စတဲ့ ကျေးရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #ကနီ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #PDF #သတင်း
Share Share Share