ယာဉ်မတော်တဆဖြစ်တာကြောင့် ဒဏ်ရာရခဲ့တဲ့ စိုးလင်းဦး

ယာဉ်မတော်တဆဖြစ်တာကြောင့် ဒဏ်ရာရခဲ့တဲ့ စိုးလင်းဦး

One Championship မှာ တစ်သိန်းတန်စာချုပ်ရရှိပြီး ဒုတိယပွဲထိုးသတ်ဖို့ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာလက်ဝှေ့ကျော် စိုးလင်းဦးဟာ နိုဝင်ဘာ ၃၀ ရက်ညပိုင်းက ယာဉ်မတော်တဆဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စိုးလင်းဦးဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “မနေ့ညနေ 30,11,24 က ကျတော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ် မမိတော့လို့ ကားနဲ့အတူ ကျတော်တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်။ ရှေ့လပွဲကတော့ကျတော် ခြေနေကြောင့်မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ, ကူညီပေးကြတဲ့သူ အယောက်စီတိုင်း ကျေးဇူးတင်ပါတယ်။” ဆိုတဲ့ ယာဉ်မတော်တဆဖြစ်ကြောင်းစာကိုတင်ပြီး သူ့ရဲ့ပရိသတ်တွေအတွက် အသိပေးလာခဲ့တာပါ။ 

စိုးလင်းဦးဟာ One မှာပါဝင်ထိုးသတ်နေတဲ့ မြန်မာကစားသမားတွေထဲမှာ ဒေါ်လာ ၁ သိန်းတန်စာချုပ်ကို ပထမဆုံးရရှိခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး စာချုပ်ရဲ့ပထမပွဲစဉ်မှာ နာဗီလ်ကို အမှတ်နဲ့ရှုံးနိမ့်ထားကာ လာမယ့် ဇန်နဝါရီ ၂၄ မှာတော့ ထိုင်းနိုင်ငံရဲ့ဝါရင့်ဖိုက်တာ ဆက်ဆန်နဲ့ထိုးသတ်ဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။ 

ယာဉ်မတော်တဆမှုကြောင့် ရရှိတဲ့ဒဏ်ရာတွေအရ စိုးလင်းဦးဟာ ဆက်ဆန်နဲ့ထိုးသတ်မယ့်ပွဲကိုတော့ ထိုးသတ်ဖို့နောက်ဆုတ်ရဖွယ်ရှိပြီး အချိန်တခုကြာအနားယူရမှာဖြစ်ကာ သူ့ရဲ့ပရိသတ်တွေကတော့ အမြန်ပြန်လည်ကျန်းမာစေဖို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဆုမွန်ကောင်းတွေ တောင်းပေးနေကြတာကို တွေ့ရပါတယ်။ 

#မြေလတ်အသံ

#အားကစား #စိုးလင်းဦး #ယာဉ်မတော်တဆ #ဆက်ဆန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10