ယာယီသမ္မတရာထူးကို စစ်ကောင်စီဥက္ကဌ လွှဲပြောင်းယူ

ယာယီသမ္မတရာထူးကို စစ်ကောင်စီဥက္ကဌ လွှဲပြောင်းယူ

ကျန်းမာရေးအခြေအနေတွေအရ ဆေးခွင့်နဲ့ကုသမှုခံယူနေရတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ယာယီသမ္မတ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှဲပြောင်းရယူခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ရန်ဆိုကာ ယာယီသမ္မတတာဝန်တွေကို စစ်ကောင်စီဥက္ကဌက ရယူပေးဖို့ ယာယီသမ္မတရုံးက စစ်ကောင်စီဥက္ကဌရုံးကို အကြောင်းကြားစာပေးပို့လာလို့ လွှဲပြောင်းရယူခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုပါတယ်။

စစ်အာဏာသိမ်းကာ အရေးပေါ်ကာလကြေငြာမှု ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ၂၀၂၃ သြဂုတ် ၁ ရက်က စတင်ကာ ၆ လသက်တမ်း ၂ ကြိမ်မြောက်တိုးပြီးဖြစ်တဲ့ စစ်ကောင်စီဟာ လာမယ့်ဇူလိုင်လကုန်မှာ နောက်ဆုံး ၆ လ သက်တမ်းပြည့်မြောက်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီသက်တမ်းတိုးဆောင်ရွက်ဖို့လိုအပ်တိုင်း ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကာလုံအစည်းအဝေးခေါ်ယူ သက်တမ်းတိုးခဲ့တာဖြစ်ပြီး လက်ရှိ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းဖြစ်နေချိန် စစ်ခေါင်းဆောင်က ၎င်းကိုယ်တိုင် ယာယီသမ္မတရာထူးကို ရယူခဲ့တာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီဥက္ကဌ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #ယာယီသမ္မတ #ရာထူးရယူ #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10