ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်က စစ်ကောင်စီ နပခတိုင်းမှုး ထင်လတ်ဦးကို သတိပေး

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်က စစ်ကောင်စီ နပခတိုင်းမှုး ထင်လတ်ဦးကို သတိပေး

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ထွန်းမြတ်နိုင်က မေလ ၆ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက် Twitter မှတစ်ဆင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူးထင်လတ်ဦးကို သတိပေး ရေးသားထားသည်။

"ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပလိုက်မှာနော်" ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တည်ရှိသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားထားမှုအပေါ် ရခိုင့်နိုင်ငံရေးသမားတဦးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက "ငြိမ်းချမ်း ရေးတည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ ထိခိုက်စေတဲ့ အပြုအမှု အသုံးအနှုန်းတွေကို ရှောင်ရှားသင့်တယ်လို့ထင်တယ်။ အဲဒါကြောင့် ဗိုလ်ချုပ်က အခုလိုရေးသားလာတာလို့ မှတ်ချက်ပေးချင်တယ်။" ဟု ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်းများ၊ ကျေးရွာ‌များကို ဝင်ရောက်စစ်ဆေးခြင်း၊ ကားလမ်းမများပေါ်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားခြင်းတို့ကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လျှက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ယခုရက်အပိုင်းအတွင်း စစ်ကောင်စီက အင်အားတိုးချဲ့လာမှုများ၊ နယ်မြေချဲ့ထွင်မှု များကိုလည်း လုပ်ဆောင်လျှက်‌ရှိနေသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10