သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာနိုင်ငံက ပိုထည်၊ ရက်ကန်းထည်ဆိုတာ စစ်ကိုင်းတိုင်း(အညာ)က ကျေးရွာတွေမှာ အဓိကလုပ်ကိုင်နေကြတာပါ။ နာမည်ကျော် လူကြိုက်များတဲ့ ဆိပ်ခွန်ထည်တွေဟာ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာက ထုတ်လုပ်တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းထဲကို မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ထူးကြီးရွာလည်း မီးလောင်ကျွမ်းခဲ့ရပါတယ်။
ထူးကြီးရွာ တရွာလုံးက ရိုးရာရက်ကန်းလုပ်ငန်းကိုပဲ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ထူးကြီးရွာက အိမ်ခြေ ၄၀၀ ကျော်နဲ့ ရက်ကန်းရုံပေါင်း ၁၀၀ ကျော် မီးလောင်ဖျက်ဆီးခံခဲ့ရတာပါ။
တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ