ရခိုင်စစ်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးကို PRA-Magway က ဖမ်းဆီး

ရခိုင်စစ်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးကို PRA-Magway က ဖမ်းဆီး

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၅ ဦးကို PRA-Magway တပ်ဖွဲ့က အရှင်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်သား ၆ ဦးဟာ ခလရ ၆၃ လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦး နဲ့ ခမရ ၃၄၆ လက်အောက်ခံတပ်ဖွဲ့ဝင် ၄ ဦးတို့ ဖြစ်ကြပြီး ပထမ ၂ ဦးကို မတ် ၂ ရက်မှာ ဖမ်းဆီးရခဲ့ကာ ကျန် ၄ ဦးကိုတော့ ဧပြီ ၁ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“သူတို့ကတော့ ရခိုင်ဒေသမှာစစ်ရှူံးပြီးတော့မှ ပြည်မဘက်ကို ပြန်ပြေးလာတဲ့သူတွေပေါ့။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ပုံစံကတော့ အရပ်သားပုံစံနဲ့လာတာကို ကျနော်တို့ မသင်္ကာတာကြောင့် စစ်မေးတဲ့အခါမှာ စစ်ရှုံးပြီးတော့ ပြေးလာတဲ့သူတွေဖြစ်နေတာ။ စစ်တပ်ထဲကို နည်းမျိုးစုံနဲ့ရောက်လာခဲ့ပြီးတော့ အခုလိုအခြေအနေမျိုးမှာ သေမှာကြောက်လို့ ဆိုပြီး ကိုယ်လွတ်ရုန်းပြီးပြေးလာကြတဲ့ သူတွေပေါ့” လို့  PRA-Magway စစ်ရေးတာဝန်ခံက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

လက်ရှိမှာ ဖမ်းဆီးထားတဲ့လူတွေကိုတော့ လိုအပ်သလို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေပေါ်မူတည်ပြီးတော့ အပြစ်ပေးအရေးယူသွားမှာရှိတယ်လို့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရခိုင်ပြည်နယ် #စစ်ပွဲ #စစ်ကောင်စီ #PRA #Magway #စစ်သုံ့ပန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10