သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ရိက္ခာပို့ပြီးပြန်လာတဲ့ အင်အား ၄၀ ပါ စစ်တပ်ယာဉ်တန်းကို အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂ ရီခွဲကနေ ၁ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။
ပဒါန်းအခြေစိုက် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅)ကနေ အမ်းဘက်ကို ရိက္ခာသွားပို့တဲ့ စစ်ကား ၁ စီး၊ ဒိုင်နာကား ၁ စီး၊ ဆိုင်ကယ် ၂ စီးကို ငဖဲမြို့နယ် အမ်းနဲ့ ပဒါန်းလမ်းတနေရာမှာ မီတာ ၅၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နာရီဝက်ကြာဖြစ်ခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေဘက်ကလည်း ပြန်ပစ်ခဲ့ပေမယ့် PDF တွေဘက်က ပစ်အားပိုများပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ဇာမဏီက ပြောပါတယ်။
" သူတို့ဘက်ကတော့ ၁၀ ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ ကျနော်တို့ဘက်ကတော့ (ထိခိုက်ဒဏ်ရာရ)မရှိပါဘူး။ ကျနော်တို့ဘက်ကတော့ အသင့်စောင့်ဆိုင်းပြီး ပြင်ဆင်ထားတဲ့အနေအထားပါ။" လို့ တပ်ရင်းမှူး ဇာမဏီက ပြောပါတယ်။
ဒီသေဆုံးမှုကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်အရအတည်ပြုနိုင်တာဖြစ်ပြီး သေဆုံးအလောင်းတွေကို ရိက္ခာကားပေါ်တင်သွားကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးအလောင်းတွေတင်ပြီး (မစခ ၉၀၅ ကို) ပြန်ဝင်သွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ ရခိုင်ပြည် အမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်တပ်ဘက်က မကွေး၊ မင်းဘူး၊ ငဖဲနဲ့ ပဒါန်းဘက်ကနေ အမ်းကို ရိက္ခာပို့နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းနဲ့ မဟာမိတ် အရှိုချင်းကာကွယ်ရေးတပ် (ACDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ - ၂၀၂၄ စက်တင်ဘာ ၃၀ရက်က ငဖဲ ပဒါန်းလမ်းပေါ် စစ်ဆင်ရေးသွားခဲ့ကြသည့် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း ရဲဘော်များ။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#အမ်းပဒန်းလမ်း #စစ်တပ် #ယာဉ်တန်း #ပစ်ခတ်တိုက်ခိုက်
Share Share Share