ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့ တွဲကား တိုက်မိပြီး တွဲကားမီးလောင်ပျက်စီး

ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့ တွဲကား တိုက်မိပြီး တွဲကားမီးလောင်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်-ပဲခူးလမ်းပိုင်းမှာ ဘိလပ်မြေဖျော်ယာဥ်နဲ့တွဲကား တိုက်မိပြီး တွဲကားမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခန့်မှာ ရန်ကုန်ဘက်မှ ပဲခူးမြို့ဘက်ကို အသက် ၃၁ နှစ်ရွယ် ချစ်ထက်နိုင် မောင်းနှင်လာတဲ့ ဘိလပ်မြေဖျော်ယာဥ်မှာ  ထက်ဧကရီဆီဆိုင်ရှေ့အရောက် ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကို  ကြက်စာတင်ပြီး မောင်းလာတဲ့ ၂၂ ဘီးယာဥ်တွဲကားကို ဝင်တိုက်မိခဲ့ပါတယ်။

"သိရသလောက်က ဘိလပ်မြေဖျော်ယာဥ်က ကလပ်ပေါက်ပြီး အရှိန်နဲ့တဖက်ယာဥ်ကြောကို ရောက်သွားတာ။ တွဲယာဥ်ကိုဝင်တိုက်တော့ တွဲကားကမှောက်ပြီး မီးလောင်သွားတာ။ လူတွေတော့ထိခိုက်တာ မရှိဘူး။" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဘိလပ်မြေဖျော်ယာဥ် ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ပြီး တွဲကားကတော့ မီးလောင်ကာ တစီးလုံးနီးပါးပျက်စီးသွားတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် မီးလောင်သွားတဲ့ တွဲကားကို အင်းတကော်၊ ပဲခူးမီးသတ်တွေနဲ့ ဒေသခံတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မီးလောင်ပြီး တနာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ဘိလပ်မြေဖျော်ယာဥ်မောင်းကို အင်းတကော်ရဲစခန်းမှာ စစ်ဆေးမှုလုပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်ကလည်း အင်းတကော်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပဲခူး-ရန်ကုန်ကားလမ်းမဘေးရှိ FARMER ဆီဆိုင်မှာ မီးလောင်မှုဖြစ်လို့ ဝန်ထမ်း ၁ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အင်းတကော်မြို့ #ဘိလပ်မြေဖျော်ယာဥ် #တွဲကား #မီးလောင် #ယာဉ်တိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10