ရန်ကုန်-ပြည်လမ်းမှာ ခရီးသည်တင်ယာဥ် ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၄ ဦးဒဏ်ရာရ

ရန်ကုန်-ပြည်လမ်းမှာ ခရီးသည်တင်ယာဥ် ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ခြောက်တင်ကွင်းရွာထိပ်၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီးလမ်းဘေးသစ်ပင်ဝင်တိုက်မိလို့ လူ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၅ ရက် မနေ့နေ့လယ် ၁ နာရီကျော်မှာ လူ ၂၅ ဦးခန့်တင်ဆောင်လာတဲ့ အောင်လံ-ရန်ကုန်ခရီးသည်တင်ကားဟာ ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို လမ်းအတိုင်းမောင်းလာချိန် ခြောက်တင်ကွင်းရွာထိပ်အရောက်မှာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ကားပေါ်ပါခရီးသည်တွေ ပြောပုံအရ ရွာထဲဝင်တဲ့လမ်းပေါက်ကနေ ထွက်လာတဲ့လိုက်ထရပ်ယာဥ်ကို ရှောင်လိုက်ရာကနေ လမ်းဘေးသစ်ပင်ဝင်တိုက်တာလို့ သိရတယ်။ အရှိန်သိပ်မပါလို့ ထိခိုက်နည်းတာ။" လို့ အုတ်ဖိုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်ယာဥ် အရှေ့ဆုံးခုံတွေမှာလိုက်ပါလာတဲ့ အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ရင်ဘတ်အောင့်၊ လက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)တွေ ရခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ဒေသလူမှုကူညီရေးအသင်းတွေက အုတ်ဖိုမြို့နယ်ဆေးရုံကို တင်ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရန်ကုန်ပြည်လမ်း #ခရီးသည်တင်ယာဉ် #ယာဉ်မတော်တဆမှု #ဒဏ်ရာရ #အုတ်ဖို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10