ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်ကို တွဲကားက တိုက်ပြေး

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်ကို တွဲကားက တိုက်ပြေး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်(၈၈)သစ်စက်ထိပ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်ကို တွဲကားက တိုက်ပြီး မောင်းပြေးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲခန့်မှာ ကြို့ကုန်းကျေးရွာနေထိုင်သူ အသက် ၃၀ နှစ်ခန့်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဥယျာဉ်တော်(၈၈)သစ်စက်လမ်းထိပ်ကနေ ကြို့ကုန်းကျေးရွာဘက်ကို ကားလမ်းအတိုင်းလမ်းလျှောက်ပြန်လာချိန် ၂၂ ဘီးတွဲကားအဖြူရောင်က အနောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

" ကားက ရန်ကုန်ဘက်နေ မန္တလေးဘက်ကိုမောင်းလာတာ။ အမျိုးသမီးကလည်း သူ့ရွာဘက်ကို လမ်းလျှောက်ပြန်လာတာ နောက်နေပွတ်ချိတ်သွားတာ"လို့ အုတ်တွင်းဒေသခံတဦးက ပြောပါတယ်။

ကားတိုက်မှုဖြစ်ပြီးတဲ့နောက် တွဲကားမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးဘက်ကို ဆက်လက်မောင်းနှင်ထွက်ပြေးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ကားတိုက်ခံရလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ပြင်ပဒဏ်ရာကြီးကြီးမားမားမတွေ့ရပေမယ့် သတိလစ်မေ့မြောနေပြီး စိုးရိမ်ရအခြေအနေရှိနေကာ ၎င်းကိုဒေသခံတွေက အုတ်တွင်းဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဧပြီ ၂၄ ရက်မှာလည်း အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဘုရားထီးတင်ပွဲမှ ပြန်လာတဲ့ Light Truck ကားတိမ်းမှောက်လို့ ၁ ဦးသေပြီး ၁၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ရန်ကုန်-မန္တလေးလမ်းဟောင်း #အုတ်တွင်း #ယာဉ်တိုက်မှု #ကိုယ်ဝန်ဆောင် #ယာဉ်မောင်းထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10