ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သရက်ချဥ်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ အမျိုးသား ၁ ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူဟာ သရက်ချဥ်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးမြင့်ဦးဆိုသူဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခန့်မှာ ကျေးရွာထဲကနေ သူ့လယ်တဲရှိရာ ရွာအရှေ့ဘက်ကို ကားလမ်းအတိုင်း လမ်းလျှောက်လာချိန်မှာ ကားတိုက်ခံရတာလို့ ဆိုပါတယ်။

"လမ်းက လေးလမ်းသွားဆိုတော့ ဒုတိယလမ်းလောက်ကနေ တိုက်ခံရပြီး ပါသွားတာနေမယ်။ တက်ကြိတ်ခံထားရတယ်နဲ့တူတယ်။ ဦးနှောက်ကို အပုံလိုက်ထွက်ကျနေတယ်။ အလောင်းနဲ့ ဦးနှောက်က ၆ ပေလောက်ကွာတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

ကားတိုက်ခံရချိန်မှာတော့ မျက်မြင်သက်သေမရှိလို့ ဘယ်လိုကားအမျိုးအစား တိုက်သွားတယ်ဆိုတာကို မသိရဘဲ သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 

သေဆုံးသူဟာ ခန္ဓာကိုယ်ကြေ၊ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာကြောင့် ယာဥ်ကြီးတစီးစီးက တိုက်မိပြီး ကြိတ်သွားတာဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက ခန့်မှန်းပါတယ်။

ယာဥ်တိုက်သေဆုံးသွားတဲ့ ဦးမြင့်ဦးအလောင်းကိုတော့ ဒေသခံတွေကကောက်ယူပြီး အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ပေးထားကာ ဒီဇင်ဘာ ၁ ရက် ဒီညနေပိုင်းမှာ နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း အုတ်တွင်းမြို့ မြောက်ဘက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သုဿာန်ကျောင်းဟောင်း၊ ကူကြီးကုန်းလမ်းဆုံအကျော်နားမှာ ကြက်သွန်ခင်း ၁ ရပ်ကွက်၊ အုတ်တွင်းမြို့နေသူ အသက် ၄၅ နှစ်အရွယ် ကားတိုက်သေဆုံးသွားပြီး ယနေ့ထိ တရားခံကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #သရက်ချဥ်ရွာ #ကားတိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10