သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဥ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁၇ ရက် မနက် ၃ နာရီကျော်ခန့်မှာ ယာဥ်မောင်း ဦးခင်ဇော်မောင်းနှင်လာတဲ့ တော်ဝင်ထွန်းယာဥ်လိုင်းမှ မော်တော်ယာဉ်ဟာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာစဥ် ကားလမ်းမိုင်တိုင်အမှတ် ၁၄၃/၇ နဲ့ ၁၄၃/၆ အကြားအရောက်မှာ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
"ကားဘရိတ်ရှူးက ဘယ်နေရာကတည်းက ငြိလာသလဲတော့ မသိဘူး။ ကြာလာတော့ အပူလွန်ကဲပြီးတော့ ဘီးကနေ မီးလောင်ရာကနေ ကားပါမီးလောင်သွားတာ။ ကားပေါ်ပါသူတွေက မီးငြှိမ်းပေမယ့် မနိုင်တော့လို့ လောင်ကုန်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် ကားတစီးလုံး မီးလောင်ပျက်စီးကုန်သလို ကားပေါ်ပါ တညင်းသီးတွေလည်း မီးလောင် ပျက်စီးသွားပြီး လူထိခိုက်တာမျိုး မရှိပါဘူးလို့ သိရပါတယ်။
အဆိုပါမော်တော်ယာဉ်ပေါ်မှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နဲ့ ပစ္စည်းပိုင်ရှင်တဦးသာ ပါလာပြီး အခြားခရီး သည်တွေ ပါလာတာမရှိဘူးလို့ သိရပါတယ်။
ဩဂုတ် ၂ ရက်ကလည်း အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပန်းတွေတင်လားတဲ့ကား လေးကျိုးပြီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းဒေသကြီး #အုတ်တွင်းမြို့ #အမြန်လမ်း #တညင်းသီး #ခရီးသည်တင်ယာဥ် #မီးလောင်
Share Share Share