ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ယာဉ်မောင်းသံဃာ ၁ ပါး ပျံလွန်၊ လူ ၄ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှုဖြစ်လို့ ယာဉ်မောင်းသံဃာ ၁ ပါး ပျံလွန်၊ လူ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၇/၂ မှာ ယာဥ်တိုက်မှုဖြစ်လို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး လူ ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေခံက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်လမ်းရှိ ဓမ္မပါလကျောင်းတိုက်မှ ဆရာတော် ဦးဝိဇယသိဒ္ဒိ သက်တော် ၄၆ နှစ် မောင်းလာတဲ့ CR-V ခဲရောင်ယာဥ်ဟာ မိုင်တိုင် ၉၇/၂ မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာအရံတွေကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"လမ်းအတိုင်းမောင်းလာရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက အကာအရံတွေကို တိုက်ပြီး တဖက် ယာဥ်ကြောကိုတောင် ပြန်ရောက်သွားတာ။ သံဃာတော်ကတော့ ပျံလွန်တော်မူသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်ပေါ်မှာ ယာဥ်မောင်းသံဃာတော်အပါအဝင် ၅ ဦးပါပြီး သက်လတ်ပိုင်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားတဲ့ သံဃာတော်နဲ့ ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေက မြိုချောင်းတိုက်နယ်ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းကလည်း ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၄၀/၁ နားမှာ ယာဥ်မောင်းဖြစ်သူက ဖုန်းလှမ်းယူရာမှာ ယာဥ်တိမ်းမှောက်တာကြောင့် ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါးမြို့ #ရန်ကုန်မန္တလေး #အမြန်လမ်း #မိုင်တိုင်၉၇ #ယာဥ်တိုက်မှု #သံဃာ #ပျံလွန်တော်မူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10