ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာမှ ကားချင်းတိုက်မိလို့ ၇ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်ရာမှ ကားချင်းတိုက်မိလို့ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဥ်မောင်းအိပ်ငိုက်ရာက ကားချင်းတိုက်မိပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဩဂုတ် ၂၉ ရက်မနက် ၇ နာရီကျော်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ခရီးသည်တင်ယာဥ်က ကားလမ်းမိုင်တိုင်အမှတ် ၉၇/၂ ဖာလုံနဲ့ ၃ ဖာလုံကြားအရောက်မှာ ယာဥ်မောင်းအိပ်ငိုက်ပြီး ကားတိမ်းမှောက်ခဲ့ရာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ Toyota Belta အိမ်စီးကားကို ဝင်ရောက်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ခရီးသည်တင် ယာဥ်မောင်းက အိပ်ငိုက်သွားတာ။ ကားကလမ်းဘေးထိုးကျချိန် ပြန်ဆွဲတင်ရာကနေ လမ်းတဖက်ရောက်သွားပြီး အိမ်စီးကားကို သွားဝင်တိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဥ်ပေါ်ပါ ယာဥ်မောင်းအပါအဝင် ခရီးသည် ၁၀ ဦးအနက် ယာဥ်မောင်းအပါအဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးဒဏ်ရာရခဲ့ပြီး Toyota Belta ကားပေါ်က ယာဥ်မောင်းအမျိုးသား ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကို အမြန်လမ်းမီးသတ်နဲ့ လူမှုကူညီရေးအသင်တွေက သယ်ယူပြီး မြို့ချောင်းဆေးရုံကို ပို့လိုက်တယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၂၈ ရက်ကလည်း ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်မှာ ကုန်စိမ်းတင်ယာဥ်ချင်း ကျော်တက်ရာမှ တိုက်မိပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ယာဥ်တိုက်မှု #ဒဏ်ရာရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10