ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။ 

စစ်တပ်ရဲ့ ပြန်ပေးဆွဲတာနဲ့ မတရားသဖြင့် စစ်သားစုဆောင်းမှုတွေကြောင့် လွတ်မြောက်ဒေသနဲ့ တခြားနိုင်ငံတွေကို တိမ်းရှောင်ကြသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ တော်လှန်ရေးအင်အားစုတွေ အားလုံး ရန်ကုန်မှာ အမြန်ပြန်ဆုံမယ့် ရည်ရွယ်ချက်နဲ့ ခုလို လှုပ်ရှားရတာ ဖြစ်တယ်လို့ ရေဘဝဲအဖွဲ့က ဆိုပါတယ်။ 

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီနေ့မှာ အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ဖြစ်ပါတယ်။

#မြေလတ်အသံ

#ရန်ကုန်မှာပြန်ဆုံမယ် #ရေဘဝဲ #ဆန္ဒပြ #လှုပ်ရှားမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10