ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားစလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းဝင်တိုက်လို့ ၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားစလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းဝင်တိုက်လို့ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မော်တော်ယာဉ်တစီး စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းဝင်တိုက်လို့  ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၂ ရက် မနက် ၇ နာရီကျော်ခန့်မှာ ရန်ကုန်ဘက်နေ နေပြည်တော်ဘက်ကို မောင်းလာတဲ့ Toyota Wish အဖြူရောင်ယာဥ်ဟာ လမ်းအတိုင်းမောင်းလာစဥ် ကားလမ်းမိုင်တိုင်အမှတ် (၁၀၉/၀) နဲ့ (၁၀၉/၁)ကြား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ကားပေါ်ပါ အမျိုးသား ၄ ဦးအနက် ယာဥ်မောင်းအပါအဝင် အသက် ၃၀ ကျော် အမျိုးသား ၂ ဦးဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသွားသူတွေကိုတော့ အမြန်လမ်းမီးသတ်၊ ဒေသခံတွေနဲ့ ကြက်ခြေနီအဖွဲ့တွေက ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်ကလည်း ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၇၈/၁) နဲ့ (၇၈/၂) ကြားမှာ ရပ်ထားတဲ့ကားကို အနောက်ကလာတဲ့ကားက ဝင်တိုက်လို့ ၁ ဦးသေ ၈ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် ##အမြန်လမ်း #မော်တော်ယာဉ် #ယာဉ်တိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10