ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ စစ်တပ်က ၁၆ ဦးသေ ၁၇ ဦးအရှင်မိပြီး သေနတ် ၂၆ လက်ရရှိကြောင်း NUG ထုတ်ပြန်

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ စစ်တပ်က ၁၆ ဦးသေ ၁၇ ဦးအရှင်မိပြီး သေနတ် ၂၆ လက်ရရှိကြောင်း NUG ထုတ်ပြန်

 

စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်ရဲ့ ရန်ကြီးအောင်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးကာ ၁၇ ဦးအရှင်ဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကြီးအောင်စခန်းကို နိုဝင်ဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း RPG ၁ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ MA 3 ၅ လက်၊ MA -1 ၁၀ လက်၊ MA 4 ၂ လက် ၊ MA 5 (ပစ္စတို) ၂ လက်၊ BA 63( G 3) ၉ လက်၊ ၊ ၅.၅၆ ကျည် ၉၅၄၇ တောင့်၊ ၇.၆၂ ကျည် ၃၅၄၆ တောင့် ၊ RPG ဗုံးသီး ၁၄ လုံး၊ ကျည်ဘောက် ၇၅ ခု၊ ၈၁ မမ ဗုံးသီး ၆ လုံးနဲ့ မိုင်းခဲယမ်းဆက်စပ်ပစ္စည်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ကလေးခရိုင် အမှတ် ၂၊၄၊၅၊၆ တပ်ရင်း၊ မြို့နယ် ပကဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ SR-4 ၊ KKG၊ CNDF၊ RKDF စတဲ့တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ကလေးမြို့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်သား၁၅ဦးသေကာ တပ်ကြပ်တဦးအပါ၂ဦးအရှင်ဖမ်းမိ

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲကနေထွက်ပြေးနေတဲ့ စခန်းတာဝန်ခံဗိုလ်မှူးအပါအဝင် စစ်သား၉ဦးထပ်မံဖမ်းမိ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ရန်ကြီးအောင်စခန်း #တိုက်ခိုက်သိမ်းပိုက် #လက်နက်ခဲယမ်း #အများအပြား #သိမ်းဆည်းရမိ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10