ရပ်ကွက်ရုံးစောင့်နေတဲ့ စစ်သားတွေ အလစ်ပစ်ခတ်ခံရလို့ ၃ ဦးသေ

ရပ်ကွက်ရုံးစောင့်နေတဲ့ စစ်သားတွေ အလစ်ပစ်ခတ်ခံရလို့ ၃ ဦးသေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်ရုံးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့ အလစ်ပစ်ခတ်ခံရလို့ ၃ ဦးသေသွားတယ်လို့ Chindwin Attack Force တပ်ရင်း ၂၊ ၃၊ ၄တို့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၂ နာရီခန့်မှာ စစ်ကောင်စီအင်အားနည်းပါးနေတဲ့ ရပ်ကွက်ရုံးကို ကားနဲ့သွားပြီး အလစ်ငိုက်ယူ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ တပ်ရင်း ၃ တပ်ရင်း ၄  သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မြဝတီရပ်ကွက်ရုံး စစ်ဆေးရေးဂိတ်က ကျောက္ကာလမ်းပေါ်မှာရှိတယ်။ ပြီးတော့ မိုင်တဲရုံးမှာလဲ စကစတွေက ရှိနေတော့ မစ်ရှင်လုပ်ဖို့က သေချာသတင်းစုံစမ်းပြီးမှ သူတို့လုံခြုံရေးအား နည်းတဲ့အချိန်ကိုယူပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်က ပစ်တဲ့အချိန်မှာ မျက်စိရှေ့မှာတင်လဲကျသွားတဲ့သူတွေရှိတယ်။ ကျနော်တို့ပစ်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ချိန်တောင်မရလိုက်ဘူး"လို့ ပြောပါတယ်။

လျှပ်တပြက်ဝင်ရောက်ပစ်ခတ်တာခံရလို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးသွားပြီး ပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

မြို့တွင်းမစ်ရှင်ဖော်ဆောင်တာဖြစ်တဲ့အတွက် ပြည်သူမထိအောင်ပစ်ခတ်ခဲ့သလို ပစ်ခတ်သံတွေကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်သွားခဲ့ရတဲ့အပေါ် ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ တောင်းပန်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ ပစ်ခတ်ခံရပြီးနောက်မှာတော့ အချိန်ခဏအကြာမှာ စစ်ကောင်စီဘက်က ကျောက္ကာလမ်းကိုပိတ်ပြီး သေနတ်ပစ်ဖောက်တာတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း တပ်ရင်း - ၂၊ ၃ ၊ ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) က ဦးဆောင်ပြီး (Chindwin Attack Force) တပ်ရင်း - ၂၊ ၃ ၊ ၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ ၊ Chindwin Attack Force တပ်ရင်း - ၄ တပ်ခွဲ - ၃ Monywa Nightking PDF ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ Ayadaw Falcon Force နဲ့ Spring Doveအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ကလည်း မုံရွာမြို့ ညောင်ပင်စောက် လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10