ရပ်ထားတဲ့ ၂၂ဘီးကားကို ၁၂ ဘီးကားက ဝင်တိုက်လို့ ယာဥ်မောင်းသေပြီး၊ ယာဥ်နောက်လိုက်ဒဏ်ရာရ

ရပ်ထားတဲ့ ၂၂ဘီးကားကို ၁၂ ဘီးကားက ဝင်တိုက်လို့ ယာဥ်မောင်းသေပြီး၊ ယာဥ်နောက်လိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နဲ့ ပိန်းဇလုပ်မြို့ကြား၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ရပ်ထားတဲ့ကားကို ဝင်တိုက်မိလို့ ယာဥ်မောင်းသေပြီး၊ ယာဥ်နောက်လိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၈ ရက် ည ၁၀ နာရီခန့်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၈၇ နဲ့ ၈၈ အကြားမှာ ကားပျက်လို့ရပ်ထားတဲ့ ၂၂ ဘီးကားကို ရန်ကုန်ကနေ မန္တလေးအတိုင်း မောင်းနှင်လာတဲ့ ၁၂ ဘီးယာဥ်က နောက်ကနေ ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

"ရှေ့က ပျက်တဲ့ကားက အမှောင်ထဲရပ်ထားတာ။ နောက်ကလာတဲ့ကားကလည်း အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာ။ ဖြစ်ဖြစ်ချင်း ယာဥ်မောင်းက ညပ်နေတာ။ စပယ်ယာလည်း ထိထားတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကားခေါင်းမှာညပ်နေတဲ့ အသက် ၄၀ ခန့်ရှိ ယာဉ်မောင်းအမျိုးသားကို ဒေသလူမှုကူညီရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက နာရီဝက်ကြာ ကယ်ဆယ်ဆွဲထုတ်ခဲ့ရပြီး ဒဏ်ရာရယာဥ်မောင်းနဲ့ အသက် ၂၀ ကျော်အရွယ် ယာဥ်နောက်လိုက်တို့ကို ညောင်လေးပင်ဆေးရုံကို ပို့ဆောင်ချိန် ယာဥ်မောင်းဖြစ်သူ လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက် မနေ့ပိုင်းမှာပဲ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၉၂ မှာ စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ခရီးသည်အမျိုး သမီး ၁ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ယာဉ်တိုက်မှု #လူသေဆုံး #ရန်ကုန်မန္တလေး #လမ်းဟောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10