ရမခ သိမ်းပိုက်နိုင်မှု ကရင်နီ၊ ကရင်နဲ့ ချင်း ERO တွေ ဂုဏ်ပြု

ရမခ သိမ်းပိုက်နိုင်မှု ကရင်နီ၊ ကရင်နဲ့ ချင်း ERO တွေ ဂုဏ်ပြု

ရှမ်းမြောက်ဒေသ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့မှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF ၃ ဖွဲ့က ဒီကနေ့ ဩဂုတ် ၄ ရက် နေ့စွဲနဲ့ ပူးတွဲထုတ်ပြန်ပါတယ်။

“လားရှိုးမြို့တွင် အခိုင်အမာတပ်တည်ဆောက်ထားသည့် အာဏာသိမ်းစစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ၂၀၂၄ ၊ ဩဂုတ်လ ၃ ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်လိုက်သည့်အတွက် ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP, KNU နှင့် CNF တို့က လွန်စွာအားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူပါကြောင်း သိစေအပ်ပါသည်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ အောင်မြင်မှုများစွာအတွက် ဂုဏ်ယူအားရခြင်းနဲ့ အောင်ပွဲများဆက်လက်ရရှိရေးအတွက် ဆန္ဒပြုသလို ၎င်းတို့ KNPP, KNU, CNF ညီနောင်တော်လှန်ရေးအဖွဲ့တွေကလည်း ဟန်ချက်ညီစွာနဲ့ အာဏာသိမ်းစစ်တပ်တွေပြိုလဲတဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရမခသိမ်းပိုက်နိုင်မှုဟာ စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တခုအဖြစ်အရေးပါသလို စစ်ရေးအောင်ပွဲကတဆင့် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီသည့်လုပ်ငန်းစဉ်နဲ့ ပြည်သူလူထုလိုလားတောင့်တတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွ တိုက်ပွဲဝင်မှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

#မြေလတ်အသံ

#ရှမ်းမြောက် #ရမခ #သိမ်းပိုက် #MNDAA #TNLA #KNPP #KNU #CNF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10