ရမည်းသင်းခရိုင်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး နေအိမ်မှာ သေနတ်နဲ့ပစ်ခံရ

ရမည်းသင်းခရိုင်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး နေအိမ်မှာ သေနတ်နဲ့ပစ်ခံရ

စစ်ကောင်စီလက်အောက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ၁ ဦး နိုဝင်ဘာ ၁၉ ရက် မနေ့ ည ၆ နာရီကျော်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်ခံရသူမှာ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ပိတောက်မြိုင်လမ်းနေ အသက် ၆၉ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးစံထွန်း ဖြစ်ပြီး နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ဆိုပါတယ်။

"အလုပ်ကိစ္စ စကားပြောဖို့ရှိတယ်ဆိုပြီး သူ့အိမ်ရှေ့ရောက်လာချိန် သူကခြံထဲအထွက်မှာ ပစ်ခံရတယ် ပြောတယ်။ ၃ ချက်လောက်ပစ်သွားတာ"လို့ ရမည်းသင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးစံထွန်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကတည်းက ရမည်းသင်းခရိုင်စီမံကောင်စီအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ငန်းစဥ်တွေအောင်မြင်ဖို့ ပါဝင်ကူညီနေသူဖြစ်တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးစံထွန်းရဲ့ ပုခုံးနဲ့လက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိကာ မိတ္တီလာ စစ်ဆေးရုံမှာ ဆေးကုသမှုခံနေတယ်လို့ ဆိုပါတယ်။

ပုံစာ - ရမည်းသင်းခရိုင်စစ်ကောင်စီအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ရမည်းသင်းခရိုင် #စစ်ကောင်စီ #အဖွဲ့ဝင် #သေနတ်ပစ်ခံရ #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10