ရမည်းသင်းနယ်အပိုင် အမြန်လမ်းမှာ ခရီးသည်တင်ကား မီးလောင်

ရမည်းသင်းနယ်အပိုင် အမြန်လမ်းမှာ ခရီးသည်တင်ကား မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကား ၁ စီး အင်ဂျင်အပူရှိန်တက်ပြီး မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက် ဒီမနက် ၅ နာရီ မိနစ် ၅၀ ခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကိုလာတဲ့ ရွှေစင်ခရီးသည်တင်ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၂၄၆/၃ နဲ့ ၂၄၆/၄ ကြားတနေရာမှာ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။ 

"အင်ဂျင် Heat တက်ပြီး အချိန်မှီမငြိမ်းလိုက်နိုင်လို့ မီးလောင်သွားတာ။ လူတွေ ထိခိုက်ဒဏ်ရာရတာမျိူးတော့မရှိဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီကားပေါ်မှာ ယာဥ်မောင်း လင်းထွန်းလတ် ၃၉ နှစ်၊ ယာဥ်နောက်လိုက်အပါအဝင် ခရီးသည် ၈ ဦးလိုက်ပါလာပြီး ကုန်ပစ္စည်းအချို့လည်း ပါလာတယ်လို့ သိရပါတယ်။

မီးလောင်ပြီး ၁ နာရီအကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ကားနဲ့ပေါ်ပါ ကုန်ပစ္စည်းတွေကတော့ အားလုံးမီးလောင်သွားကာ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံး သွားတယ်လို့သိရကြောင်း ဒေသခံတဦးက ပြောပါတယ်။ 

ဒီဇင်ဘာလ ၁၈ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၂၉/၇) အနီးမှာ ရေထွက်ပစ္စည်းတွေ တင်လာတဲ့ကား မီးလောင်ခဲ့တာကြောင့် ကျပ်သိန်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ရမည်းသင်း #ခရီးသည်တင် #မီးလောင် #ပျက်စီးဆုံးရှုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10