သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းက စစ်ကောင်စီစစ်ကြောင်း စက်တင်ဘာ၂၈ရက် မနက် ၇ နာရီကျော်မှာ မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုရှိနိုင်တယ်လို့ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း တပ်ခွဲ-၃ ဆီက သိရပါတယ်။
အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ချောင်းဦး၊ မကျီးခွရွာကနေ ဆင်ဖြူရှင်တံတားဘက်ကို ထွက်လာစဉ် ပေါက်အင်းကျေးရွာအနီးအရောက်မှာ မိုင်း ၈ လုံးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"မိုင်းဆွဲခံရတဲ့ စစ်ကြောင်းထဲက အနည်းဆုံး ၅ ယောက်နဲ့ ၁၀ယောက်ကြားသေဆုံးနိုင်တယ်။ အတိကျတော့မသိရဘူး။ မိုင်းဆွဲခံရပြီး နာရီဝက်အကြာမှာ အလောင်းတွေကို တံတားဘက်ကနေ ဖောကားတစီးနဲ့လာသယ်သွားတာကိုမြင်လိုက်ရတယ်။" လို့ လျှပ်စီးတပ်ခွဲ(မုံရွာခရိုင်အမှတ်-၁၂၊တပ်ခွဲ-၃) တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။
မိုင်း ၂ ကြိမ်ဆွဲခံရချိန်အတွင်း စစ်ကောင်စီတပ်သားတွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ၁၅မိနစ်ကြာ ပြန်လည်ပစ်ခတ်ခဲ့ပြီး အဲဒီနောက် ဒဏ်ရာရ၊ သေဆုံးစစ်သားတွေကို ဆင်ဖြူရှင်တံတားမှာ တပ်စွဲထားတဲ့စခန်းက လာခေါ်သွားတာလို့ တပ်ခွဲမှူး မိုးကြိုးက ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၆ ရက်နေ့က မကျီးခွ၊ မင်းခေါင်၊ မင်းတည်ရွာတွေကို စစ်ကြောင်းထိုးစီးနင်းဖို့ ရဟတ်ယာဥ် ၂ စီးနဲ့လာရောက်ပို့ ဆောင်သွားသူတွေဖြစ်ပြီး စီးနင်းမှုအတွင်း PDF ၃ ဦးနဲ့ ဒေသခံ ၆ ဦးတို့ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ကာ မကျီးခွရွာမှာ တပ်စွဲပြီးနောက် ထွက်ခွာလာစဉ် မိုင်းဆွဲခံရတာလည်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ) နဲ့ ရန်ရှင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်မှာလည်း ချောင်းဦးမြို့ လဝက ရုံးအနီးရှိ ကားလမ်းမပေါ်မှာ ခရီးသွားပြည်သူတွေဆီကနေ အဓမ္မငွေတောင်းခံနေကြတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ၆၀ မမ နဲ့သွားရောက်ပစ်ခတ်ခဲ့ရာ ၁ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ပုံစာ - စက်တင်ဘာ ၂၈ရက်က မိုင်းဆွဲခံရမှု နေရာအနီးတွေ့ရှိရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများ။
စာတည်း -ရင်ငြိမ်း
#မြေလတ်အသံ
#ချောင်းဦး #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက် #PDF #စစ်ကောင်စီတပ် #ထိခိုက်မှု
Share Share Share