ရာဇဂြိုလ် တံတားပေါ်က ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံး

ရာဇဂြိုလ် တံတားပေါ်က ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာအနီး၊ ရာဇဂြိုလ်တံတားပေါ်ကနေ ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာဘက်မှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့ မောင်းလာတဲ့ အိမ်စီးကား ၁ စီးဟာ ဘီးချော်ကာ တံတားအောက်ကို ပြုတ်ကျသွားပြီး အသက် ၅၀ အရွယ် ယာဥ်မောင်း ဦးမာန်ခင်း အပါအဝင် ၇ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"တံတားကတော့ သစ်သားတံတားပဲ။ ဒါပေမဲ့ မိုးကောင်းတုန်းက တံတားအလယ်တိုင်က နိမ့်ဆင်းနေတယ်။ ကားကြီးတွေ သွားမရဘူး။ ကားငယ်တွေဘဲ သွားလို့ရတယ်။ ခုဖြစ်တာကလည်း ကားက ဘီးချော်ပြီး အောက်ပြုတ်ကျသွားတာ။" လို့ ဒေသခံတဦးက ပြောပြပါတယ်။

ကားပေါ်မှာ လူဦးရေစုစုပေါင်း ၉ဦးလောက်ပါနိုင်ပြီး ကလေး၁ဦးအပါ ၆ဦးက နေရာမှာတင်သေဆုံးခဲ့သလို နောက်ထပ်လူကြီး တဦးက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

သေဆုံး ထိခိုက်ဒဏ်ရာရသူတွေဟာ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွားသားတွေဖြစ်ပြီး ဒဏ်ရာရသူတွေကို ဒေသခံတွေက တွန်းဇံမြို့နယ်ဆေးရုံကို တင်ပို့ထားကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့နယ် #ရာဇဂြိုလ်ရွာ #တွန်းဇံ #ကားမှောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10