ရိက္ခာကားတွေကို ကင်းစောင့်မယ့် စစ်အုပ်စုမိုင်းဆွဲခံရလို့ ၄ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ(ရုပ်/သံ)

ပခုက္ကူဘက်ကနေ ရိက္ခာလာပို့တဲ့ ကား ၃ စီးကို ကင်းပုန်းဝပ်ဖို့လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မြိုင် ပကဖက ဩဂုတ်လ ၁၆ ရက် မနက် ၈ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရိက္ခာကားတွေကို ကင်းစောင့်ပေးဖို့အတွက် မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်ကြားက ညောင်ဂျစ်ပင်ရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၄ ဦးသေဆုံးကာ ၁၀ ဦးနီးပါး ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှု မတိုင်ခင်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်အုပ်စုကို မိုင်းကွင်းရှိတဲ့ နေရာကို ရောက်လာအောင် အီနာဂါ ဗုံးသီးချကာတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းနားက သစ်ပင်တွေအောက်ရောက်လာချိန် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ကင်းပုန်းဝတ်နေတာကို ကျနော်တို့မိုင်းဆွဲလိုက်တာ ၂ ယောက်ကတော့ မိုင်းဆွဲလိုက်တဲ့နေရာမှာ ပျောက်သွားတယ်။ ကျန်တဲ့ ၂ ယောက်က ကတ္တရာလမ်းပေါ်မှာ အူတွေထွက်ပြီး ပတ်လက်လှန်ပြီးလဲနေတယ်။ ၁၃ ယောက်လောက်လည်း မိုင်းထိပြီးလဲတယ်။ဘုန်းကြီးကား ၁ စီးနဲ့ ပခုက္ကူကနာရေးကား ၂ စီးနဲ့ အဲ့ဒီအကောင်တွေကို ပခုက္ကူဘက်ကို ပြန်ခေါ်သွားတယ်" လို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မိုင်းဆွဲခံရသူတွေဟာ ပခုက္ကူဘက်ကလာတဲ့ စစ်သားတွေအပြင် ညောင်ကျစ်ပင်နဲ့ ကန်တော်ရွာက ပျူစောထီးတွေအပါအဝင် အင်အားစုစုပေါင်း ၇၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ပျူစောထီး ၃ ဦးနဲ့ စစ်သား ၁ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီနောက် မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ အဲ့ဒီဒေသဝန်းကျင်မှာပဲ ပြေးလွှားနေခဲ့ကြပြီး မြိုင် ပကဖ ကတော့ တပ်ပြန်ဆုတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ မြိုင် ပ.က.ဖ ရင်း  ၁၊ PKU သူရိန်အဖွဲ့ နဲ့  ဘလက်ကော်ဘရာ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#မြိုင်သတင်း #ပခုက္ကူသတင်း #မိုင်းဆွဲတိုက်ခိုက် #မြိုင်ပကဖ #ညောင်ဂျစ်ပင် #ကန်တော်ရွာ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10