ရိက္ခာတင်လာတဲ့ကားတွေနဲ့ ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီး ပစ်ခတ်ခံရလို့ ၁၃ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လမ်းရွာနှင့် သရဖီရွာအနီးမှာ ရိက္ခာတင်လာတဲ့ကားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကားကို ကမ္မနှင့်ရေပြာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက် မနက်ပိုင်း ၈ နာရီ ၂၀ မိနစ်မှာ ပေါက်ကနေ ရိက္ခာတင်လာတဲ့ကားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ၁ ကြိမ်၊ မနက်ပိုင်း ၈ နာရီကျော်လောက်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီးကိုတကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

"ပေါက်ကနေ ရိက္ခာတွေတင်လာတဲ့ မင်ဘူး ခလရ ၂၅၃ က စစ်**၊ ပျူတွေ ၂၅၀ ပါတဲ့ ကားအစီး ၁၀၀ ကျော်ထဲက ၁၆ စီးကို သရဖီရွာနဲ့ လယ်လမ်းရွာအကြားမှာ ပစ်ခတ်တာ၊ အနီးကပ်ပစ်တာ သူတို့ ၁၃ ဦး သေတယ်၊ ကျနော်တို့ ရဲဘော်က သူတို့ကျတဲ့ သေနတ်ပြေးကောက်တာ ခေါင်းကိုကျည်ထိပြီး စိုးရိမ်ရတယ်၊ ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီးကို မိုင်းဆွဲခဲ့တာမှာ ဒဏ်ရာရတဲ့သူတွေကို ကမ္မရဲစခန်းထဲကနေ ခေါ်သွားတယ်" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း-၁ နဲ့ ပေါက်ဗိုလ်တစ္ဆေအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကင်းပုန်းဝပ်ဖို့လာတဲ့ ၆ ဘီးကား ၁ စီးကို မြိုင်ပကဖ တပ်ရင်း(၁)ခွဲ(၁)၊ ကမ္မကာကွယ်ရေးတပ်ဖွဲ့ (KMDF)၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂)  တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ပေါက် # ရိက္ခာတင်လာတဲ့ကား #မိုင်းဆွဲခံရ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10