ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး  ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ စာသင်ကျောင်းကနေ ရွာတောင်ဘက်ကို ရိက္ခာထွက်ရှာတဲ့ စစ်သားတွေကို မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့  ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၃၅ မိနစ်ကျော်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ကိုင်းတောမရွာ စာသင်ကျောင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People Defence Force ၊ ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့ ၊ Pakokku People's Defense Force ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force UG ၊ Thu Rain TR ၊ Pakokku Hunter ၊ Pakokku Underground Force၊ မြိုင်တပ်ရင်း ၂ ၊Just Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #ကိုင်းတောမ #စစ်တပ် #ပစ်ခတ် #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10