ရိက္ခာထွက်ရှာတဲ့စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရေစက်ကနေ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေကို မီတာ ၅၀ အကွာကနေ လက်ဦးမှုရယူပြီး အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ 

ဇူလိုင် ၁၁ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ကိုင်းတောမရွာ ရေစက်မှာ တာဝန်ကျနေတဲ့ မြိုင်စက်မှု ၂ က စစ်ကောင်စီတပ်သား ၂၅ ဦးဝန်းကျင်ဟာ  ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာချိန် ကိုင်းတောမရေစက်အနောက်ဘက် ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဒီကောင်တွေ ငတ်ပြတ်ပြီး ရိက္ခာထွက်ရှာတာ။ ကျနော်တို့  မီတာ ၅၀လောက်နေ စောင့်ပြီး ပစ်တာ။ မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ ၂၅ ယောက်ထဲက ၁ ကောင် နေရာမှာတင် ပွဲချင်းပြီးပြီးတော့ ၁ ကောင်ဒဏ်ရာရတယ်"လို့ Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ 

ပစ်ခတ်မှုအတွင်း စစ်ကောက်စီဘက်က  ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရကာ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမဘက်ကို ပြန်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People Defence Force၊ Pakokku People's Defense Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပကဖ၊ Justice Revolution Force၊ မဟာမိတ်တပ်ပေါင်းစု (MUGDF၊ James Bond၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ဝံပုလွေအဖွဲ့၊ Hunter PKU၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၊ Shwe Nyar Myae PDF၊ Pakokku Ranger နဲ့ Thu Rain TR တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မြိုင် #မြိုင်စက်မှု ၂ #စစ်အုပ်စု #ရိက္ခာထွက်ရှာ #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ⁩

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10