ရိက္ခာပို့ပြီးပြန်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းချိန် ကျည်နဲ့ခဲယမ်းတွေရရှိ

ရိက္ခာပို့ပြီးပြန်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းချိန် ကျည်နဲ့ခဲယမ်းတွေရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးသွားချိန်မှာ ကျည်၊ ခဲယမ်းနဲ့ အခြားအသုံးအဆောက်ပစ္စည်းတွေ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဇူလိုင် ၉ ရက် ညနေ ၃ နာရီခွဲလောက်မှာ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို ရိက္ခာပို့ပြီးပြန်တဲ့ အင်အား ၄၀ ဝန်းကျင်ပါစစ်ကြောင်းကို ရေစကြိုမြို့နယ်၊ သဲပုံအနောက်ကျေးရွာနဲ့ ရွာထောင်ကျေးရွာအကြားမှာ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ 

“ကျနော်တို့ဘက်က ပစ်ခတ်ရှင်းလင်းမှုကြောင့် ** ၂ ကောင်ကတော့ နေရာမှာတင် လဲကျသွားတာ ရဲဘော်တွေမျက်မြင်တွေ့ခဲ့ရတယ်။ သေဆုံးနိုင်မှုကတော့ အတည်မပြုနိုင်သေးပါဘူး” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

မိနစ် ၃၀ လောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားချိန် တိုက်ခိုက်ခဲ့တဲ့နေရာကို  နယ်မြေရှင်းလင်းတဲ့အချိန်မှာ ၆၀ မမ ဗုံးသီး ၁ လုံး၊ 5.56 ကျည် ၂၀၆ တောင့်၊ MA ကျည်ဘောက် ၂ ခု၊ ဖုန်း ၂ လုံးနဲ့ ငွေ ၁ သိန်းကျော် သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၈ တပ်ထဲက ထွက်လာတာဖြစ်ပြီး ရဲ ၁၀ ဦးနဲ့ စစ်သား ၃၀ လောက်ပါဝင်ကာ တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီတပ်ထဲကိုပဲ ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပခုက္ကူခရိုင်အမှတ် ၉ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေစကြို #စစ်ကောင်စီ #တိုက်ခိုက် #လက်နက်ခဲယမ်းရရှိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10