ရိက္ခာပြတ်နေတဲ့ စစ်တပ်က ခင်ဦးကရွာတွေကို ဝင်မွှေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် မိုးရေထဲမှာ ထွက်ပြေးနေရ

ရိက္ခာပြတ်နေတဲ့ စစ်တပ်က ခင်ဦးကရွာတွေကို ဝင်မွှေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် မိုးရေထဲမှာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီနဲ့ ပျူတပ်သားတွေက မေလ ၁၄ ရက် ဒီမနက် ၆ နာရီကျော်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံ ၃၀၀၀ ကျော် မိုးပြင်ထဲထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ချမ်းသာကုန်းကျေးရွာထဲကို ဝင်ရောက်ပြီး နေအိမ်တွေမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။
 
 
"စကစနဲ့ပျူတွေက ရိက္ခာပြတ်သွားလို့ ပြည်သူတွေရဲ့နေအိမ်တွေက စားသောက်ကုန်ပစ္စည်း တွေဝင်ယူကြတာ။ ချမ်းသာကုန်းရွာက နေအိမ်တွေကို တအိမ်ဝင်တအိမ်ထွက် ရှာဖွေမွှေနှောက် ပြီးယူသွားတာ။ အခုက မိုးတအားသဲထန်းစွာရွာနေတယ်။ မိုးရေပြင်ထဲ ဒေသခံတွေထွက်ပြေးနေရတာ"လို့ သူက ဆိုပါတယ်။
 
အဆိုပါစစ်ကြောင်းဟာ ချမ်းသာကုန်းကျေးရွာ ကနေပြီးတော့ အင်းပတ်ကွေ့ကျေးရွာထဲကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် အမည်မသိရသေးတဲ့ အသက် ၄ နှစ်အရွယ်ယောင်္ကျားလေးတဦးရဲ့ပေါင်မှာ လက်ကြီးကျထိမှန်သွားခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 
အခုစစ်ကြောင်းဟာ ရေဦးမြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေနဲ့ ရွာသစ်ကုန်းပျူစောထီးတွေ ပူးပေါင်းထားတာဖြစ်ပြီး၊ လက်ရှိမှာ စစ်ကြောင်းက ပျူစခန်းကိုဝင်သွားခဲ့ပြီ ဖြစ်ပေမယ့် လက်နက်ကြီးတွေ ပစ်ခတ်လာမှာစိုးရိမ်တာကြောင့် ချမ်းသာကုန်း၊ အင်းပတ်ကွေ့၊ မြင်းဒေါင်းကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
 
စာတည်း - လင်းဇေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10