ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး MA 1 ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကနေ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။ 

ဇွန် ၁၅ ရက် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကို ကိုင်းတောမရဲစခန်းရဲ့ မီတာ ၅၀ အကွာမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ပစ်ခတ်တိုက်ခိုက်ချိန်က ၁၅ မိနစ် လောက်ကြာတယ်၊ ၁၅ ယောက်ထဲက ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်"လို့ Earthquake People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ 

ပစ်ခတ်မှုအတွင်း စစ်ကောက်စီဘက်က  ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ  MA 1 ၂ လက်  သိမ်းဆည်းရမိခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရဲစခန်းထဲကို ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People Defence Force၊ Pakokku People's Defense Force၊ Young Force UG၊ Hunter PKU၊ မြိုင် ပကဖ၊ Justice Revolution Force နဲ့ Thu Rain TR တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ကိုင်တောမရဲစခန်း #စစ်အုပ်စု #ပစ်ခတ် #တိုက်ပွဲ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10