သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ သွားသယ်တဲ့စစ်ကြောင်း အသွားအပြန် ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)အဖွဲ့ဆီက သိရပါတယ်။
"ကျောက်ရစ်ရဲစခန်းကနေ အင်အား ၆၀ ဝန်းကျင်နဲ့ ရိက္ခာအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မေလ ၆ ရက် မနက်ပိုင်း ၁၀ နာရီလောက်မှာ နနွင်းကိုင်းဘက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန် ၄၅ မိနစ် ကြာတယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၂ ယောက် ကျသွားပြီး ဒဏ်ရာတော်တော်များများ ရှိတယ်။" လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃) ရဲဘော်တဦးက ပြောပါတယ်။
အဲဒီနေ့မှာပဲ ရေစကြိုဘက်ကနေ စက်လှေနဲ့ လာပို့တဲ့ ရိက္ခာတွေကို သယ်ယူနေချိန် ညနေ ၃ နာရီဝန်းကျင်မှာလည်း ဒုတိယအကြိမ် တိုက်ပွဲထပ်ဖြစ်ကာ စစ်ကောင်စီဘက်က ၁၉ ဦးဝန်းကျင် ဒဏ်ရာရတယ်လို့ ဆက်ပြောပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း-တပ်ခွဲ ၂(Burmese Guerrilla Force)၊ မြောင် ကျေးရွာတပ်ပေါင်းစုနှင့် မဟာမိတ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ